ဆောင်းနှင်းချစ်သူ Blog မှ ကြိုဆိုပါတယ်ရှင်.... လာရောက်ဖတ်ရှု့သူအားလုံး အဆင်ပြေပါစေ

အချစ်များစွာထဲတွင် သူငယ်ချင်းအချစ်သည် အေးချမ်းပျော်ရွှင်ဖွယ်ကောင်းသည်။
ဘယ်သောအခါမှ ဟောင်းနွမ်းရိုးအီ မသွားနိုင်ပါ။နှစ်ပေါင်းကာလ ကြာရှည်သည့် တိုင်အောင်
ချစ်နေဆဲ ခင်နေဆဲ သတိရတမ်းတနေဆဲ အေအတူပူအမျှဝေမျှ ခံစားတတ်နေဆဲပါ။
သို့သော် သူငယ်ချင်း အချစ်ကိုတော့ တန်ဖိုးထားတတ်ဖို့တော့ လိုအပ်ပါသည်။
အကူအညီလိုအပ်တော့မှ သူငယ်ချင်းဆိုပြီး ရင်နှီးချင်ယောင် ဆောင်လို့မရပါ။
ကိုယ့်အမှားကို သူ့အမှားမဖြစ်အောင် မလုပ်မိစေရန်အတတ်နိုင်ဆုံး ကြိုးစားရန် လိုအပ်
ပါသည်။သူငယ်ချင်းကို ခင်သောစိတ်နှင့်ကြည့်ကာ အပြစ်တင် အပြစ်မမြင်မိပါစေနှင့်။
မိမိကိုယ်တိုင် သူငယ်ချင်းကောင်း၁ယောက်ဖြစ်ရန် လိုအပ်သလို သူငယ်ချင်းကောင်း
ကိုလည်း ပြန်ရှာနိုင်ရမည်။အစားပြန်မရနိုင်သော အဖိုးတန်လှသော သူငယ်ချင်းအချစ်များကို
ထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့…………………
သူငယ်ချင်းဆိုတာ
အနွံတာ ခံရတယ်။
သံယောဇဉ် ကြီးရတယ်။
ယုံကြည်လေးစား တန်ဖိုးထားတတ်ရတယ်
ကာကွယ်စောင့်ရှောက်ရတယ်။
ဘယ်တော့မှ ဆိုးကျိုး မပေးရဘူး
အဲ့ဒီလိုမှ မဟုတ်ရင်တော့…………………………

0 comments: