ဆောင်းနှင်းချစ်သူ Blog မှ ကြိုဆိုပါတယ်ရှင်.... လာရောက်ဖတ်ရှု့သူအားလုံး အဆင်ပြေပါစေ

ဘယ်နေရာကိုပဲ သွားသွား
လမ်းဆုံးရောက်အောင် သွား
လမ်းတ၀က်က
လှည့် ပြန်တတ်တဲ့ သူမျိုး
ဘယ်တော့မှ မဖြစ်စေနဲ့
ဘာ အလုပ်ကိုပဲ လုပ်လုပ်
ပြီးဆုံးသွားအောင် လုပ်
တ၀က် တပျက်နဲ့
ချန်ထားရစ် တာမျိုး
ဘယ်တော့မှ မဖြစ်စေနဲ့
ကောင်းကောင်း ဆိုးဆိုး
ကိုယ့် ဆုံးဖြတ်ချက်ကို
မဖြစ် ဖြစ်အောင်
စွမ်းဆောင် နိုင်တဲ့သူမျိုး ဖြစ်အောင်လုပ်
တဲ့ ကဗျာလေးက တော်တော်လေး ကောင်းပါတယ်။
ဆရာကောင်းသန့် ရဲ့ ကဗျာလေး တစ်ပုဒ်ပေါ့။
သူငယ်ချင်းတို့တွေ လည်းကြိုက်ကျလိမ့်မယ်လို့ထင်ပါတယ်။

0 comments: